ကလေးတစ်ယောက်အတွက် ပတ်ဝန်းကျင်ဟာ ဘယ်လောက်အရေးပါသလဲ

ကလေးတစ်ယောက်အတွက် ပတ်ဝန်းကျင်ဟာ ဘယ်လောက်အရေးပါသလဲ

ဒေစီတို့ မြန်မာမှာ ဆိုရိုးစကားလေး ရှိတယ် မဟုတ်လား
“အစကောင်းမှ အနှောင်းသေချာမယ်” ဆိုတာလေ။
လူငယ် ကလေး ဘဝမှာ
သင်ကြာမှု သင်ယူမှု ကောင်းမှသာ
အရွယ်ကြီးရင်လမ်းကြောင်းအမှန်ပေါ်ကိုရောက်ပြီး
ဆုံးဖြတ်ချက်မှန်ကန်တဲ့
လူကြီးလူကောင်းတစ်ယောက်ဖြစ်လာမှာ အမှန်ပဲပေါ့။

ကလေးအရွယ်မှာ အဖက်ဖက်က
ထိန်းကျောင်းမှု လိုအပ်တဲ့အပြင်
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကလည်း
အရမ်းအရေးပါ ပါတယ်။
အတူနေမိဘတွေ ဘယ်လောက်ကောင်းမွန်အောင်
ထိန်းကျောင်းစေကာမူ
ယိုယွင်းတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုများလာရင်
ကိုယ့်ကလေးရဲ့ ရှေ့ရေးကို စိုးရိမ်ရပါတယ်။

လူငယ်ကလေးတစ်ယောက်
ကောင်းမွန်တဲ့လမ်းကြောင်းရောက်ဖို့က
စိတ်ငြိမ်ခြင်းနဲ့ တိုက်ရိုက်အချိုးကြပါတယ်။
လူငယ်ဘဝမှာ စိတ်ငြိမ်ဖို့ အကောင်းဆုံးနည်းလမ်းက
ပုံဆွဲခြင်း၊ ပန်းချီရေးခြယ်ခြင်း၊
အရောင်းအသွေးခြယ်မှုန်းခြင်းတွေပဲမဟုတ်လား။
ဒီနည်းလမ်းက စိတ်ဝင်စားဖို့ကောင်းသလို
မှတ်ဉာဏ်အတွက်လည်း အထောက်အကူပြုတာကြောင့်
ဒေစီဖြင့် အရမ်းကိုနှစ်သက်ပါတယ်။

မိမိတို့ သားလေး သမီးလေးများကို ကောင်းမွန်သော
ပတ်ဝန်းကျင်မှာ ကြီးပြင်းစေခြင်းဖြင့်
လမ်းကြောင်းအမှန်ပေါ်ကို ရောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…………..

ချစ်ခြင်းများစွာဖြင့်
Daisy