တတ်ကြွလှတဲ့ငယ်စဉ်ဘဝ တန်ဖိုးရှိစွာဖြတ်သန်းကြ
တတ်ကြွလှတဲ့ ငယ်စဉ်ဘ၀ တန်ဖိုးရှိစွာ ဖြတ်သန်းကြ
ဒေစီက
ကလေးတွေကို သိပ်ချစ်တတ်တဲ့သူထဲမှာ
ထိပ်ဆုံးကပါတယ်။
အပြစ်ကင်းတဲ့ ကလေးလေးတွေကို
ဒေစီမှ မဟုတ်ဘူး
အားလုံးပဲ ချစ်ကြလိမ့်မယ်ထင်ပါတယ်ရှင့်။
ဒေစီရဲ့ အလုပ်ကလည်း
ကလေးတွေအတွက်တစ်ဖက်တစ်လမ်းက
အကူအညီပေးတဲ့အလုပ်ကိုလုပ်ရတော့
ဝမ်းသာတယ် ပီတိလည်းဖြစ်မိတယ်။
ကလေးတစ်ယောက်ရဲ့ ကြီးပြင်းပုံကို
ပြောရမယ်ဆိုရင်
လွတ်လပ်ပေါ့ပါး လန်းဆန်းတက်ကြွစွာနဲ့
အရာရာကို စူးစမ်းလိုတဲ့စိတ်ရှိပြီး
ဘယ်အရာမဆို အလေးအနက်တန်ဖိုးထားတတ်တဲ့
ကလေးတစ်ယောက်ရဲ့
ကြီးပြင်းပုံနဲ့
ပိတ်ပင် တာဆီး ချုပ်ခြယ် ခြင်းခံရတဲ့
ကလေးတစ်ယောက်ရဲ့
ကြီးပြင်းပုံခြင်းကို နှိုင်းယှဉ်ကြည့်လိုက်ရင်
သိပ်ကိုကွာခြားပြီး သူတို့တွေရဲ့
စဉ်းစားတွေခေါ်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှု၊
ပေါင်းသင်းဆက်ဆံမှု၊ ရဲရင့်ပြတ်သားမှု
စကားပြောစွမ်းရည် ၊ စိတ်နေစိတ်ထား
စသဖြင့် ဘယ်အရာပဲယှဉ်ယှဉ်
တန်ဖိုးကတော့ ကွာနေလိမ့်မယ်။
သူတို့လေးတွေရဲ့ ငယ်စဉ်ဘဝကို
တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ဖို့အရေးက
မိဘတွေရဲ့ ထိန်းကျောင်းပုံနဲ့
ရာနှုန်းပြည့်သက်ဆိုင်ပါတယ်လို့ ဒေစီကတော့ယူဆပါတယ်ရှင်။
တတ်ကြွ လန်းဆန်း လှပတဲ့
ငယ်ရွယ်စဉ်ဘဝကို
တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေလို့
ဆန္ဒပြုရင်း ......
ချစ်ခြင်းများစွာဖြင့်
Daisy