အတွေးတွေကြောင့်ပူလောင်ဖူးလား
"အတွေးတွေကြောင့် ပူလောင်ဖူးလား"
ဖြစ်လာမလား
မဖြစ်လာမလား
မသေချာဘဲ
အတွေးတွေနဲ့တင်
ပူလောင်ခဲ့ဖူးပါတယ်။
မဖြစ်နိုင်တာကို
တွေးပြီးတော့လည်း
ဗလောင်ဆူခဲ့ဖူးပါတယ်။
ရှိမနေတာကို
ဆက်တိုက်တွေးပြီး
စိတ်တွေဆင်းရဲခဲ့ဖူးပါတယ်။
အဓိက က အတွေးတွေက
ဒေစီတို့ကို
သတ်နေတာပါ။
ရှိနေတဲ့အရာတွေကို
တန်ဖိုးမထားဘဲ
မရှိတာကိုမှ
တပ်မက်ပြီး
မရနိုင်တာကို
စိတ်ပင်ပန်းခံ
တွေးတောနေတာတွေကို
ရပ်လိုက်ကြရအောင်လား။
ပုထုဇဉ်ပေမို့
အတွေးနဲ့ပတ်သက်လို့
လောဘလေးတော့
အနည်းနဲ့အများရှိကြတာပေါ့။
ဒီလောဘလေးတွေကို
တတ်နိုင်သလောက်
လျော့ချလိုက်မယ်ဆိုရင်ဖြင့်
စိတ်ချမ်းသာမှုကို
ရရှိလိမ့်မယ်လို့တော့
ဒေစီထင်တာပဲ။
အတွေးတွေဆိုတာကလည်း
ကိုယ်တိုင်တွေးပူကြသလို
အနီးအနားပတ်ဝန်းကျင်က
ဆိုက်ကိုသွင်းပေးလိုက်ရင်လည်း
တွေးပြီးပူရတာမို့
သူတစ်ပါးဆီက
ပူလောင်တဲ့အတွေးတွေကို
မယူပါနဲ့
ကိုယ်မယူသ၍
ဒီအပူတွေက
ကိုယ့်ဆီမရောက်ပါဘူး။
ကိုယ့်မှာရှိနေတဲ့
ကိုယ်ပိုင်ဆိုင်သမျှ
အရာတွေကို
တန်ဖိုးထားတတ်တဲ့
အတွေးလှလှလေးတွေကို
ရွေးပြီးတွေးတတ်ရင်တော့
အမြဲတမ်း စိတ်ချမ်းသာရမယ်လို့
ယုံကြည်ရင်း . . .
ချစ်ခြင်းများစွာဖြင့်
Daisy