ဒေစီ့ရဲ့ စိတ်ငြိမ်စေတဲ့နည်း

“ဒေစီ့ရဲ့ စိတ်ငြိမ်စေတဲ့နည်း”

မေ့တတ်လိုက်တာ၊ ငါသိပ်မေ့တာပဲ၊

ငါမှတ်ဉာဏ်တွေမကောင်းတော့ဘူးထင်တယ်

ဘာမှ မမှတ်မိတော့ဘူး ဆိုပြီး

ဒေစီတို့ ပတ်ဝန်းကျင်မှာ 

ဒီလို ညဉ်းတွားသံတွေ 

မကြာခဏ ကြားရတတ်တယ် မဟုတ်လား

မှတ်ဉာဏ်မကောင်းလို့ 

မေ့တတ်တာတွေကို 

ဒေစီတို့ အလွယ်ကူဆုံး နည်းလမ်းလေးတွေနဲ့

ပြန်လည်ကုစားလို့ရပါတယ်။

ဒါကတော့ မိမိရဲ့ စိတ်အစဉ်ကို

တည်ငြိမ်အေးချမ်းအောင်

လေ့ကျင့်ခြင်းပဲဖြစ်ပါတယ်။

ဒေစီကတော့ စိတ်တည်ငြိမ်အောင်ပန်းချီရေးတယ်၊

အရောင်အသွေးတွေကို ခြယ်မှုန်းတယ်၊

စာလေးဘာလေးရေးတယ်ပေါ့။

နေ့တိုင်းမလုပ်နိုင်ရင်တောင်တစ်ပတ်ကို

၄ ရက်ပဲလုပ်ဦး

တစ်လ နှစ်လ လောက်လုပ်လိုက်တာနဲ့

တော်တော်သိသာတယ်။

စိတ်ငြိမ်တော့ တော်ရုံဆို မမေ့တော့ဘူးရယ်။

လောကမှာ လုပ်ယူလို့မရဘူးဆိုတာမရှိပါဘူး။

သင်ကိုယ်တိုင် ဖြစ်ချင်စိတ်ရှိရင်

ဘယ်အရာမဆို

လုပ်ယူလို့ရပါတယ်။

ဒါ့ကြောင့်

ဘဝဆိုတာ သင်ကိုယ်တိုင် ဖန်တီးတည်ဆောက်ယူဖို့ဖြစ်သည် 

လို့ဆိုတဲ့ စကားက

သိပ်မှန်တာပဲလို့ ဒေစီတော့ထင်တယ်။ 

ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ယူဖို့အတွက် 

မဖြစ်နိုင်တဲ့အရာ ဆိုတာ မရှိပါဘူး။ 

ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက် 

ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…….


ချစ်ခြင်းများစွာဖြင့်

Daisy