မေတ္တာဓါတ် အစွမ်းထက်

မေတ္တာဓါတ် အစွမ်းထက်

ဒေစီက

ဘယ်အလုပ်မဆို လုပ်ရင်

စေတနာလေးထည့်

ကိုယ်ချင်းစာစိတ်လေးထည့်ပြီ

လုပ်တတ်တယ် (ကြွားတယ်လို့ မထင်စေချင်) 

ဒါကို

ဒေစီ့ဆီမှာ ဝယ်တဲ့

Customer တွေတော့

သိလိမ့်မယ် ထင်တယ်နော်။

အလှူအတန်းလုပ်ရင်လည်း ဒီအတိုင်းပဲ

နည်းသည်ဖြစ်စေ

များသည်ဖြစ်စေ

စေတနာကို အမြဲရှေ့ထားပြီ

လှူဒါန်းပါတယ်။

ကိုယ်ချင်းစာစိတ်ထားပြီးလှူဒါန်းတယ်။

ကိုယ်လှူနိုင်တဲ့ အတိုင်းအတာလောက်ထဲက

အရည်အသွေးကောင်းတာကိုပဲ လှူတယ်။

ကိုယ်သုံးလို့ ကြိုက်မှ

သူတစ်ပါးကိုလည်းပေးသုံးတယ်။

ဒါ့ကြောင့်မို့လားမသိဘူး

ဒေစီဘာလုပ်လုပ်

အခက်အခဲတွေ့ရင်တောင်

လွယ်လွယ်နဲ့ ဖြေရှင်းလို့ပြီးသွားတာချည်းပဲ။

သူများက

ကိုယ့်ပစ္စည်းသုံးတာ

ကောင်းလို့ကြိုက်ရင်

သူကကျေးဇူးတင်စွာနဲ့

မေတ္တာပို့ပေးတော့

မေတ္တာဓါတ်တွေရပြီး

ဘာလုပ်လုပ်အဆင်ပြေမှာပေါ့။

ဒါ့ကြောင့်

ရှေးလူကြီးတွေက

လှူတတ်ရင် မြတ်တယ် လို့ပြောတာ။

အရည်အသွေးကောင်းပြီး

အကျိုးရှိတာလေးလှူတော့

ပိုမြတ်တာပေါ့။

အဲ့ထဲကမှ

ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်၊

ကိုယ့်နာမည် စသဖြင့်

ကမည်းလေးထိုးလိုက်ရင်

မြတ်သထက်မြတ်ပြန်တာပေါ့ကွယ်။

တစ်ခါတစ်ရံမှာ

ကိုယ်လှူလိုက်တဲ့ပစ္စည်းလေးက

အရမ်းကောင်းတယ်၊

တစ်ပါးသူအတွက်

အလွန်အသုံးဝင်တယ်

ဒါပေမဲ့

ပစ္စည်းမှာ ကမည်းလေးမထိုးထားတော့

ဆုတောင်းမေတ္တာပို့သ ပေးချင်ရင်တောင်

ဘယ်သူဘယ်ဝါကို

တိုင်တည်ပြီး ပို့ရမှန်းမသိတော့

အခက်တွေ့ပြန်ရော။

ကမည်းလေးထိုးထားတော့

တစ်ခါတည်း ကိုယ့်ကိုရော

ကိုယ့်လုပ်ငန်းကိုပါ

တိုင်တည်ပြီး မေတ္တာပို့ပေးလို့ရတော့

ပိုလို့ကောင်းတာပေါ့။

ဒါ့ကြောင့်

ဒေစီက

မွန်မြတ်သော အလှူဒါနတွေကို

စေတနာလေးပေါင်းထည့်ပြီး

လှူဒါန်းပေးစေလိုကြောင်း

ဝေမျှရခြင်းပဲဖြစ်ပါတယ်။

 

ချစ်ခြင်းများစွာဖြင့်

 Daisy