စေတနာသည် ကံ
စေတနာသည်ကံ
စေတနာကောင်းမှ ကံကောင်းလိမ့်မယ်….
ကံကောင်းခြင်း ကံဆိုးခြင်းကို
ဒေစီက
စေတနာကောင်းခြင်း စေတနာမကောင်းခြင်းနဲ့
တိုက်ရိုက်သက်ဆိုင်တယ်လို့ ယူဆပါတယ်ရှင်။
ကံကောင်းချင်လိုက်တာဆိုပြီး
လတိုင်းထီထိုးတယ်
သူတစ်ပါးအပေါ်စေတနာတော့ မကောင်းဘူးဆိုရင်
အလုပ်တော့ သိပ်ဖြစ်လှမယ်မထင်ဘူးနော်။
ကိုယ်တိုင်က ကံကောင်းချင်ရင်
သူတစ်ပါးအပေါ်လည်းစေတနာကောင်းရမယ်လို့
ဒေစီကတော့ မှတ်ယူပါတယ်။
ဒီမှာဒေစီ ပြောချင်တာတစ်ခုက
တမင်လုပ်ယူတဲ့ လောကွက် စေတနာတော့ မဖြစ်ဖို့လိုတယ်နော်။
ရင်ထဲက တစ်ကယ်စစ်မှန်တဲ့စေတနာမပါဘဲ
ကိုယ့်အကျိုးရဖို့အတွက်ကိုပဲ မျှော်ကိုးပြီ
ရည်ရွယ်ချက်ရှိရှိနဲ့ စေတနာအတုတွေပေးခဲ့ရင်
ကိုယ်လည်း အတုအယောင်တွေပဲ ပြန်ရမှာ ကျိန်းသေတယ်။
ဒေစီ့ အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်
ဒေစီ ဒီ စာရေးကိရိယာ ဖြန့်ဖြူးရောင်းချတော့မယ်လို့
စဉ်းစားတဲ့အချိန်
ငါပိုက်ဆံရဖို့ ငါ့အကျိုးရဖို့
တစ်ခုအတွက်တည်းမျှော်ကိုးပြီးလုပ်ခဲ့ရင်
အချိန်တိုအတွင်းမှာ
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့
စစ်မှန်တဲ့ Customers တွေရခဲ့မှာမဟုတ်ဘူး။
ဒေစီကိုက
သားသား မီးမီးလေးတွေကို
အရည်အသွေးကောင်းတဲ့ပစ္စည်းသုံးစေချင်တဲ့ စေတနာ၊
ရုံးတတ်နေကြတဲ့ ကိုကို မမ တွေကိုလည်း
ရုံးသုံးစာရေးကိရိယာ ကောင်းကောင်းတွေကိုပဲ သုံးစေချင်တဲ့စေတနာ၊
မေမေတွေကိုလည်း
ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေချည်းပေးချင်တဲ့ စေတနာတို့ကြောင့်
ဒေစီအချိန်တိုအတွင်းမှာ မယုံနိုင်လောက်အောင်
စစ်မှန်တဲ့ Customer တွေရခဲ့တယ်လို့ပဲထင်တယ်။
Customer နဲ့ ဒေစီ့ကြားထဲမှာ ကောင်းမွန်လှတဲ့
ဆက်ဆံရေးတွေကြောင့်ပဲ
ဒေစီ ဒီအလုပ်ကိုလုပ်ရတာ ပိုတက်ကြွလာတယ်
ကောင်းတယ်ဆိုတာထက်
ပိုကောင်းတဲ့ အရည်အသွေးတွေ ဝန်ဆောင်မှုတွေ ပေးချင်လာတယ်။
စေတနာတွေပိုပိုပါလာတယ်။
စေတနာကောင်းရဲ့
တန်ပြန်သက်ရောက်မှုက တော်တော်အားကြီးပါတယ်။
ဒါ့ကြောင့်
စေတနာကောင်းလေးတွေထားရင်
ဒေစီတို့ လောကကြီးကို အတူတူ အလှဆင်ကြရအောင်လားနော်.…..
ချစ်ခြင်းများစွာဖြင့်
Daisy